Koroshi Ai『 殺し愛 』
Episodes: Unknown
Premiered: ?
Studios: Platinum Vision
Source: Manga
Review
Chateau Dankworth ဟာ တည်ငြိမ်ပြီး သွေးအေးလွန်းတဲ့ ကြေးစားတစ်ယောက်ဖြစ်ပါတယ်။ အစိုးရက မနှိမ်နင်းနိုင်ပေးတဲ့ ရာဇဝတ်ကောင်တွေကို လိုက်သတ်/ဖမ်းတဲ့ လုပ်ကြံသူဆိုလည်း မမှားပါဘူး။ (ပြည်သူ့အသက်ကို တန်ဖိုးထားသူတစ်ယောက်ပါ) လက်ရှိ သူ့ရဲ့ပစ်မှတ်က တစ်ညတည်းမှာ အထက်တန်းအရာရှိ ၁၈ယောက်ကိုသတ်ခဲ့တဲ့ နာမည်ဆိုးနဲ့ကျော်ကြားနေသူ Son Ryang-ha ပဲ ဖြစ်ပါတယ်။ Son Ryang-ha ရဲ့လက်တွေက လူသတ်မှုတွေကြောင့် ယနေ့အချိန်ထိ သွေးစွန်းနေတုန်းပါပဲ။ သူ ဘာကိုလုပ်ချင်နေလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ မသိတာ မဆန်းပါဘူးဗျ။ သူ ဘာလုပ်ချင်လဲတောင် သူကိုယ်တိုင်မသိလို့ပါ။ သို့ပေမယ့်... Chateau နဲ့ ပထမဆုံးတွေ့ဆုံချိန်မှာပဲ သူရည်ရွယ်လိုက်တာကို ပြောပြခဲ့ပါတယ်။
" ငါက မင်းရဲ့ နှလုံးသားကို ပစ်မှတ်ထားနေတာ "
Son Ryang-ha က ထူးထူးခြားခြားပုံစံတွေနဲ့ Chateau ရဲ့အမြင်အာရုံတွေကို ဖမ်းစားဖို့ကြိုးစားတယ်။ ပြီးတော့... Chateau ရဲ့ ပစ်မှတ်ဖြစ်တဲ့အတွက် သားကောင်နဲ့တူအောင်နေပြပြီး လူတွေကို ပြန်ပေးဆွဲသလိုလို ဘာလိုလိုနဲ့ အနေမနီး,နီးအောင် ကြိုးစားတယ်။ ရာဇဝတ်မှုမျိုးစုံလုပ်ပြီး ဝေးဝေးမပြေးနိုင်အောင် ချည်နှောင်လိုက်တယ်။ (ကြိုးနဲ့မဟုတ်ဘူးနော် xD) ရှင်းရှင်းပြောရရင်ဗျာ... အတူတူသာအချိန်ကုန်ရမယ်ဆိုရင် ဘာပဲ လုပ်ရ/လုပ်ရ ဆိုတဲ့သဘော။ အဲ့ဒါက Chateau ကို အမှန်တကယ် စိတ်ပျက်စေပါတယ်။ ဆိုပေမယ့်... ကြေးစားတစ်ယောက်ရဲ့ဂုဏ်သိက္ခာအတွက် Son Ryang-ha ရဲ့ ကျော့ကွင်းမှာ အမိခံလိုက်တယ်။ ဒီလို ဒီလိုနဲ့ပဲ... လူသတ်သမားနှစ်ယောက်ကြားက ကြောင်နဲ့ကြွက် အချစ်ကစားပွဲလေး အစချီလာပါတော့တယ်။
― Manga နှင့် Preview အား မှီငြမ်းရေးသားထားသည်။
0 Comments