Aharen-san wa, Hakarenai!『 阿波連さんははかれない 』
Episodes: Unknown
Premiered: Spring 2022
Studios: Felix Film
Source: Manga
Review
သေးငယ်ပြီးချစ်စရာကောင်းတဲ့ခန္ဒာကိုယ်လေးနဲ့အတူ အသံတိုးတိုးလေးပြောတတ်တဲ့ Reina Aharen ဟာ အကွာအဝေးသတ်မှတ်ရာမှာ အတော်လေးဆိုးပါတယ်။ တခါတရံ တစ်လက်မစာ အကွာအဝေးမှာ ရှိနေတတ်ပြီး တခါတရံ မိုင်ပေါင်းများစွာ ဝေးနေတတ်ပါတယ်။ သူ့ရဲ့ဟန်ပန်အမူအရာတွေက ဘေးချင်းကပ်ခုံရဲ့ Raidou Matsuboshi ကို နားလည်ရခက်စေပါတယ်။ Raidou ရဲ့ မျက်နှာက ကြောက်စရာနည်းနည်းကောင်းပေမယ့် ရိုင်းပင်းတတ်တဲ့ကောင်လေးတစ်ယောက်ပါ။
Aharen နဲ့ Raidou တို့ဟာ ခဲဖျက်ကောက်ပေးတဲ့နေရာကစပြီး ခင်မင်မှုတွေ စတင်ခဲ့ပါတယ်။ အဲ့အချိန်ကစပြီး Aharen ဟာ မခန့်မှန်းနိုင်တဲ့အမူအရာတွေနဲ့ သူငယ်ချင်းကောင်း ဟုတ်၊ မဟုတ်ကို ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ (ကသိကအောက်ဖြစ်စေတဲ့အမူအရာကို နားလည်ပေးနိုင်သူကိုသာ သူငယ်ချင်းကောင်းလို့ သတ်မှတ်ထားတာဖြစ်ပါတယ်)
Clicks to read ~ Manga
0 Comments